ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇွန် ၁၃

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေးကျင်းပ   နေပြည်တော်၊ ဇွန် ၁၃

        အထူးကုန်စည်ခွန်ဥပဒေကြမ်းကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၃ ရက် ၁၃၀၀ နာရီအချိန်တွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
        အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ