ပြည်ထောင်စုလွှတ်တော် နာယက မှ (Y-8) လေယာဉ် ပျက်ကျရာတွင် ပါရှိသွားသူများအတွက် ထောက်ပံ့ငွေများလှူဒါန်း နေပြည်တော် ဇွန် ၉

 ပြည်ထောင်စုလွှတ်တော် နာယက  မှ (Y-8) လေယာဉ် ပျက်ကျရာတွင် ပါရှိသွားသူများအတွက် ထောက်ပံ့ငွေများလှူဒါန်း   နေပြည်တော် ဇွန် ၉

          ဇွန် ၇ ရက်တွင် ပျက်ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး (Y-8) လေယာဉ်၌ ပါရှိသွားသည့် စစ်သည်၊ မိသားစုများနှင့် လေယာဉ်အမှုထမ်းများအတွက် ထောက်ပံ့ငွေများကို ကာကွယ်ရေး ဝန်ကြီးဌာန၌ လာရောက်ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က ထောက်ပံ့ငွေများ လာရောက်ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
       ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်ဝင်းခိုင်သန်းက ထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ကို မွန်လွဲ ၃ နာရီခွဲတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက လက်ခံယူခဲ့ကြောင်း သတင်းရရှိသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ