ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ ဒီဇင်ဘာ ၁၆

ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို အစီအစဉ်(၁၄)ခု ဖြင့် ကျင်းပသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့၊ ရပ်ကွက်/ကျေးရွာအုပ်စု ပြင်ဆင် ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် နယ်နိမိတ်ဧရိယာ တိုးချဲ့ဖွဲ့စည်းခြင်း နှင့် မန္တလေး တိုင်းဒေသကြီးအတွင်း ကျေးရွာ ၁၆ ရွာ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်သည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန မီးသတ် ဦးစီးဌာနအတွက် ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၆) မှ ဦးဝင်းမောင်၊ ဟင်္သာတမဲဆန္ဒနယ် မှ ဦးခင်မောင်ရီ၊ ဗိုလ်တထောင်မဲဆန္ဒနယ် မှ ဒေါ်မြင့်မြင့်စိုး(ခေါ်)မေစိုး၊ ကမာရွတ်မဲဆန္ဒနယ် မှ ဦးကျော်မင်း၊ ပုလောမဲဆန္ဒနယ် မှ ဦးအုန်းခင်၊ ကော့ကရိတ်မဲဆန္ဒနယ် မှ ဦးစိုးဌေး၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၀) မှ ဒေါက်တာကျော်ငွေ၊ မြဝတီမဲဆန္ဒနယ် မှ ဦးစိန်ဗိုလ်၊ မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁) မှ ဦးလှဆန်းတို့က ဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဆွေးနွေးခြင်းအစီအစဉ်ကို အစည်းအဝေး ဒသမနေ့တွင် ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အမျိုးသားစီမံကိန်းဆောင်ရွက်မှုအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၆)ကို ဆိပ်ကြီး/ ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ လှိုင်းဘွဲ့မဲဆန္ဒနယ် မှ  ဦးခင်ချို၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈) မှ ဦးမျိုးဝင်းတို့က ဆွေးနွေးသည်။ အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ  ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)မှ အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ဖြစ်ကြောင်း ကြေညာသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအတွက် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်  အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ အဖွဲ့ထံမှ အမေရိကန် ဒေါ်လာ ၅၆.၈ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁) မှ ဦးလှမြင့်(ခေါ်) ဦးလှမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ မင်းဘူးမဲဆန္ဒနယ် မှ ဦးဝင်းဝင်း၊ ဘားအံမဲဆန္ဒနယ် မှ ဒေါ်နန်းသန်းသန်းလွင်၊ တောင်ကြီးမဲဆန္ဒနယ် မှ ဒေါက်တာ ဒေါ်သန်းငွေ၊ သံတောင်ကြီးမဲဆန္ဒနယ် မှ ဦးစောဗစ်တာခလိုက်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) မှ ဒေါ်နော်ခရစ္စထွန်း၊ ဆီဆိုင်မဲဆန္ဒနယ် မှ ဦးခွန်သန်းထူး၊ ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉) မှ ဦးစိုးသိန်းတို့က ဆွေးနွေးပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဆွေးနွေးခြင်းအစီအစဉ်ကို အစည်းအဝေး ဒသမနေ့တွင် ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ(၇/၂၀၁၆)ကို ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်၊ မိုးညိုမဲဆန္ဒနယ် မှ ဦးကျော်မျိုးမင်းတို့က ဆွေးနွေးကြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်းက အဆိုတင်သွင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ဖြစ်ကြောင်း ကြေညာသည်။

ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး ဒသမနေ့ကို ၂၀-၁၂-၂၀၁၆ ရက် အင်္ဂါနေ့ မွန်းလွဲ ၁:၃၀ နာရီတွင် ကျင်းပမည် ဖြစ်သည်။

  

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ