ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ IPU ညီလာခံပိတ်ပွဲ အခမ်းအနားသို့ တက်ရောက် အောက်တိုဘာ ၁၀ ရက်

 ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ IPU ညီလာခံပိတ်ပွဲ အခမ်းအနားသို့ တက်ရောက် အောက်တိုဘာ ၁၀ ရက်



ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့်(၁၂၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ (IPU)၏ တတိယနေ့အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ထို့အပြင် ညနေ ၄ နာရီတွင် အစည်းအဝေးပိတ်ပွဲ အခမ်းအနားကို ကျင်းပရာ ညီလာခံဥက္ကဋ္ဌ H.E.Mr.AbdulwahadRadi က မိ်န့်ခွန်းပြောကြားခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယကသည် နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံလွှတ်တော်ဥက္ကဋ္ဌ Hon.Ms. Meria Kumar (Speaker of Sabha)နှင့် CICG ဧည့်ခန်းမဆောင်၌လည်းကောင်း၊ ဂျီနီဗာအခြေစိုက် ကမ္ဘာ့စီးပွားရေးဖိုရမ်၊ အကြီးတန်းညွှန်ကြားရေးမှူး Mr.Sushent Palakurthi Rao နှင့် အဖွဲ့အားလည်းကောင်း တွေ့ဆုံခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နာယကသည် ဆွစ်ဇာလန်နိုင်ငံ၊ Speaker of the Council of States H.E Mr.Filippo Lombardi ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ဂျီနီဗာမြို့မှ ညနေ ၆ နာရီတွင် ထွက်ခွာခဲ့ရာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့သို့ ည ၈ နာရီတွင် ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ