၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား ကျင်းပ စက်တင်ဘာ ၁၅

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား ကျင်းပ စက်တင်ဘာ ၁၅

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနား အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံမှ ပေးပို့သည့် သဝဏ်လွှာကို Ms. Janet Jackson က ဖတ်ကြားသည်။

ယင်းနောက် ကျောင်းသားလူငယ်များ၏စာတမ်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုစာတမ်း၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၏ စာတမ်း၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၏စာတမ်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏စာတမ်း၊ မွန်အမျိုးသားပါတီ၏စာတမ်း၊ “ဝ”ဒီမိုကရက်တစ်ပါတီ၏စာတမ်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏စာတမ်း၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၏စာတမ်း၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၏ စာတမ်း၊ တအောင်း(ပလောင်)အမျိုးသားပါတီ၏စာတမ်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏စာတမ်း၊ ရခိုင်အမျိုးသားပါတီ၏စာတမ်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ၏စာတမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်းများကို ဖတ်ကြားကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က နိဂုံးချုပ် အမှာစကားပြောကြားသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား မြို့ရွှေမန်းသားဖိုးချစ် ဇာတ်အလှသဘင် အဖွဲ့သားများကငါသည်အောင်ဆန်းပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်သည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ