မြန်မာနိုင်ငံ အစုစပ်လုပ်ငန်းဥပဒေမူကြမ်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ အစုစပ်လုပ်ငန်းဥပဒေမူကြမ်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

The Partnership Act (India Act 9, 1932, Vol.IX) အား မြန်မာနိုင်ငံ အစုစပ်လုပ်ငန်းဥပဒေအဖြစ် မူကြမ်းအဆင့် ပြင်ဆင်ရေးဆွဲသည့် ညှိနှိုင်းအစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နေ့လယ် ၁၃၃၀ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ