ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သြစတြေးလျသံအမတ်ကြီး လက်ခံတွေ့ဆုံ နေပြည်တော်၊ အောက်တိုဘာလ ၁၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း   သြစတြေးလျသံအမတ်ကြီး လက်ခံတွေ့ဆုံ   နေပြည်တော်၊ အောက်တိုဘာလ ၁၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr Nicholas Coppel အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက သြစတြေးလျနိုင်ငံသည် မိတ်ကောင်းဆွေကောင်းနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင်လည်းများစွာကူညီပေးခဲ့ပါကြောင်း၊ ယနေ့ကြုံတွေ့နေရသည့် ရခိုင်အရေးအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်လျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာတွင်လည်း နည်းလမ်းမှန်ကန်စွာပါဝင်ဆောင်ရွက်သွားမည်ကိုသိရှိရ၍ ဝမ်းမြောက်ပါကြောင်း ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အထူးကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ