ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ဆဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၁၀

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ဆဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ   နေပြည်တော် အောက်တိုဘာ ၁၀

ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ်လွှတ်တော်အသီးသီး၏ ဆဋ္ဌမပုံမှန်အစည်းအဝေး များကို ၂၀၁၇ အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးရက်များတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးနှင့် လွှတ်တော်အသီးသီးရှိ ဆောင်ရွက်ဆဲဥပဒေကြမ်းများ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးကဏ္ဍကို အထူးအလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် ဌာန၊ အဖွဲ့အစည်းအသီးသီး အနေဖြင့် လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ငန်းများအပြင် လုံခြုံရေးကဲ့သို့ အခြေအနေအချိန်အခါ အရ အထူးကြပ်မတ်ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကော်မတီ အလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်းဆောင်ရွက်ပြီး လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီ နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် လွှတ်တော်အစည်းအဝေးများကျင်းပရေး ဗဟိုကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီဝင်များ၊ ဌာန/အဖွဲ့အစည်း များမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ