ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H. E. Mr. Nicholas Coppel အား လက်ခံတွေ့ဆုံ နေပြည်တော် အောက်တိုဘာ ၁၀

ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း   မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H. E. Mr. Nicholas Coppel အား   လက်ခံတွေ့ဆုံ   နေပြည်တော် အောက်တိုဘာ ၁၀

        ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H. E. Mr. Nicholas Coppel အား ယနေ့ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
       အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
       ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်တိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေး လုပ်ငန်းစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အတွေ့အကြုံမြင့်မားရေး၊ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သြစတြေးလျနိုင်ငံ၏ လွှတ်တော်ထောက်ပံ့ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ