“ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေး”အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော် အောက်တိုဘာ ၃

“ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေး”အလုပ်ရုံဆွေးနွေးပွဲကျင်းပ   နေပြည်တော် အောက်တိုဘာ ၃

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ဘဏ္ဍာရေးဆိုင်ရာဌာန(FAD)နှင့် ထိုင်းနိုင်ငံမှ နည်းပညာဆိုင်ရာပံ့ပိုး ကူညီပေးရေးရုံးတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့လွှတ်တော်ကိုယ်စားလှယ်များအတွက် “ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေး” အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် (အင်္ဂါနေ့) နံနက် ၉ နာရီအချိန်တွင် လွှတ်တော်ဝင်း၊ ဇမ္ဗူသီရိဆောင် Learning Centre Room (3)၌ ကျင်းပသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ(၁) ဦးစောသန်းထွဋ်၊ ထိုင်းနိုင်ငံမှ နည်းပညာဆိုင်ရာပံ့ပိုးကူညီပေးရေးရုံး ညွှန်ကြားရေးမှူး Mr. David Cowen နှင့် IMF မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasuhisa Ojima တို့က အဖွင့်အမှာစကားများ ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲ၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစက်ဝန်းနှင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (PFM) နှင့်စပ်လျဉ်းသည့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ၏ အဓိကအင်္ဂါရပ်များ၊ အစိုးရ ရသုံး မှန်းခြေငွေစာရင်းရေးဆွဲရာတွင် ပါဝင်သည့်အစိတ်အပိုင်းများ၊ ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်းအတွက် နိုင်ငံအဆင့်ဘဏ္ဍာရေးအခြေခံများ၊ ဘဏ္ဍာရေးအစီရင်ခံခြင်းနှင့် ယင်း၏ အသုံးပြုပုံများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့ ငွေစာရင်းကော်မတီမှ ကော်မတီဝင်များ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ကော်မတီဝင်များ၊ IMF Technical Assistant Office in Thailand ညွှန်ကြားရေးမှူး၊ IMF မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်၊ International PFM Expert ဦးသန်းလွင်၊ IMF မှ အရှေ့တောင်အာရှအတွက် ဒေသတွင်း ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲရေးအကြံပေးပုဂ္ဂိုလ် Mr. Holger Van Eden ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အကြံပေးများနှင့် လွှတ်တော်(၃)ရပ်ရှိ သက်ဆိုင်ရာကော်မတီများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌကိုယ်စား ဒုတိယဥက္ကဋ္ဌ(၂) ဦးအောင်မင်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းကြောင်းသတင်းရရှိသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ