မြန်မာနိုင်ငံ ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေ(မူကြမ်း) ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင် ဥပဒေ(မူကြမ်း) ရေးဆွဲရေး   ညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ ဆက်သွယ်ရေးကြီးကြပ်မှုကော်မရှင်ဥပဒေအား မူကြမ်းအဆင့်ရေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ် ၁၃၃၀ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ ကျင်းပပြုလုပ်သည်။

အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ အထူးကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံဗဟိုဘဏ်နှင့် ကမ္ဘာ့ဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ