ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးနှင့် ဆက်နွယ်ထိခိုက်ခံရသူများ၏ အခွင့်အရေး ဆိုင်ရာဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးနှင့် ဆက်နွယ်ထိခိုက်ခံရသူများ၏ အခွင့်အရေး ဆိုင်ရာဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

        ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးနှင့် ဆက်နွယ်ထိခိုက်ခံရသူများ၏အခွင့်အရေးဆိုင်ရာဥပဒေကို မူကြမ်းအဆင့်ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ ကျင်းပပြုလုပ်သည်။

       အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ကိုယ်စားလှယ်များ၊ အထူးကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော UNAIDS ၊ Alliance (Myanmar)၊ Medical Action Myanmar ၊ Phoenix Association ၊ MPG ၊ MMN ၊ MPWN စသည်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ