၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(International Day of Democracy 2017) အထိမ်းအမှတ်လွှတ်တော်ရေးရာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ နေပြည်တော် စက်တင်ဘာ ၁၁

၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(International Day of Democracy 2017) အထိမ်းအမှတ်လွှတ်တော်ရေးရာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ   နေပြည်တော် စက်တင်ဘာ ၁၁

၂၀၁၇ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့(International Day of Democracy 2017) အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် လွှတ်တော်ရေးရာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ၁၁-၉-၂၀၁၇ ရက်နေ့(၁၈၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ရေးရာ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဘိုဘိုဦးနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ကြသည်။

လွတ်တော်ရေးရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် တိုင်းဒေသကြီး/ ပြည်နယ်(၁၄) ခုနှင့် နေပြည်တော်တို့မှ အခြေခံပညာအထက်တန်းအဆင့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ဆက်လက် ကျင်းပပြုလုပ်ကာ Hluttaw Channel ၊ Skynet Education Channel တို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။




Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ