ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် စက်တင်ဘာ ၇

ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေရေးဆွဲရေး   ညှိနှိုင်းအစည်းအဝေးကျင်းပ  နေပြည်တော် စက်တင်ဘာ ၇

       ၁၉၅၇ ခုနှစ်၊ ရေနံဓာတ်သတ္တုပင်ရင်းအခြေအမြစ်များ (တိုးတက်ဖြစ်ထွန်းမှု စည်းမျဉ်း သတ်မှတ်မှု) အက်ဥပဒေ(၅၅/၁၉၅၇)အား ရေနံရှာဖွေခြင်း၊ တူးဖော်ခြင်းနှင့် ထုတ်လုပ်ခြင်း ဆိုင်ရာဥပဒေအဖြစ် မူကြမ်းအဆင့် ရေးဆွဲနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၊ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ ကျင်းပ ပြုလုပ်သည်။
     အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ အထူးကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ