လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉၄/၂၀၁၇) ကျင်းပ

လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉၄/၂၀၁၇) ကျင်းပ

         ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉၄/၂၀၁၇) ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ်(I-1) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          အစည်းအဝေးတွင် တရုတ်နိုင်ငံ ရှားမန်းမြို့ Xiamen တွင် ၃.၉.၂၀၁၇ ရက်နေ့မှ ၄.၉.၂၀၁၇ ရက်နေ့ထိ (၉)ကြိမ်မြောက် ဘရာဇီး၊ ရှရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက ထိပ်သီးညီလာခံ BRICS Summit ကို “BRICS Stronger Partnership for a Brighter Future” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အီဂျစ်၊ ကင်ညာ၊ တာဂျစ်ကစ္စတန်၊ မက္ကစီကိုနှင့် ထိုင်းနိုင်ငံ တို့ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့မှုနှင့် ထိပ်သီးအစည်းအဝေးကျင်းပဆောင်ရွက်မှု အခြေအနေအပါအဝင် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ