ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေရေးဆွဲရေး   ညှိနှိုင်းအစည်းအဝေးကျင်းပ

          ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ မြို့ပြနှင့် ကျေးလက်ဒေသအကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်းလာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ကျေးလက်ဒေသပြည်သူများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ကျေးလက်ဒေသများ၌ တုန့်ပြန်ကာကွယ် ဆောင်ရွက်နိုင်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ဒေသခံပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေအား မူကြမ်းအဆင့်ရေးဆွဲနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့၊ နေ့လယ် ၁၃၃၀ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင်အမှတ် (I-1)၌ ကျင်းပ ပြုလုပ်သည်။

          အဆိုပါအစည်းအဝေးသို့ အထူးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ အထူးကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တေယ်ချုပ်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ