ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပ နေပြည်တော် သြဂုတ် ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ ကျင်းပ   နေပြည်တော် သြဂုတ် ၃၀

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို အစီအစဉ်(၇)ခုဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁၀/၂၀၁၇)အပေါ် ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)၊ ဒေါ်ချိုချို(အုတ်တွင်းမဲဆန္ဒနယ်)၊ ဦးဇုန်လှယ်ထန်း(ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်-၄)၊ ဦးခင်မောင်သီ(လွိုင်လင်မဲဆန္ဒနယ်)၊ ဒေါက်တာအောင်ခင်(ပြင်ဦးလွင်မဲဆန္ဒနယ်)၊ ဦးရန်လင်း (ကျိုက်လတ်မဲဆန္ဒနယ်)၊ ဦးတင်ထွန်းနိုင်(ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်)နှင့် ဒေါ်ခင်စန်းလှိုင် (ပုလဲမဲဆန္ဒနယ်)တို့က ဆွေးနွေးပြီးနောက် သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ကို အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁၁/၂၀၁၇)အပေါ်  ဦးခင်ချို(လှိုင်းဘွဲ့မဲဆန္ဒနယ်)၊ ဒေါ်သန္တာ(အိမ်မဲမဲဆန္ဒနယ်)၊ ဦးဇုန်လှယ်ထန်း(ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်-၄)၊ ဦးကံမြင့်(သရက်မဲဆန္ဒနယ်)၊ ဒေါက်တာအောင်ခင်(ပြင်ဦးလွင်မဲဆန္ဒနယ်)နှင့် ဒေါ်ယဉ်မင်းလှိုင်(ဂန့်ဂေါမဲဆန္ဒနယ်)တို့က ဆွေးနွေးပြီးနောက် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ဆောင်ရွက်ရန် လျာထားကြောင်း ကြေညာခဲ့ပြီးနောက် အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ရပ်နားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်(ကြာသပတေးနေ့) မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ