၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ နေပြည်တော် သြဂုတ် ၂၈

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ   နေပြည်တော် သြဂုတ် ၂၈

၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့(International Day of Democracy 2017) အခမ်းအနားကျင်းပရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီ နာယကများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဦးစီးကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင် က စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်တွင်လည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့များနှင့် သံတမန်များအား ဖိတ်ကြားရန် စီစဉ်ထားရှိမှု၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ များအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို အားရကျေနပ်ကြောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း အခမ်းအနားကို အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ(IPU) မှ သတ်မှတ်ထားသည့် “ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့”(In Defense of Democracy) ဆောင်ပုဒ်နှင့်အညီ လွှတ်တော်ဝင်း သဘင်ဆောင်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီများဖြစ်သည့် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ စာတမ်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး၊ ဖျော်ဖြေရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ လွှတ်တော်ရေးရာ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီနှင့် လုံခြုံရေးလုပ်ငန်းကော်မတီတို့က ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တင်ပြဆွေးနွေးကြသည်။


Related Posts:

ဥပဒေများ

ကော်မတီ/ကော်မရှင်များ