နောက်ခံသမိုင်းကြောင်း

လွှတ်တော်စာကြည့်တိုက်သည် ၁၉၇၄ ခုနှစ်၊ မတ်လတွင် ပြည်သူ့လွှတ်တော်ရုံး၊ ရန်ကုန်မြို့၌ စတင်တည်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂၀)သို့ ပြောင်းရွှေ့ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင် ရုံးအမှတ်(၂၀)မှ ယခုစာကြည့်တိုက်တည်ရှိရာ လွှတ်တော်ဝင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့ပြီး လွှတ်တော်စာကြည့်တိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ လွှတ်တော်စာကြည့်တိုက်၊ e-Library အပါအဝင် ထူထောင်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ စာကြည့်တိုက်ပညာရှင်များ(ပြည်တွင်း) ဖိတ်ခေါ်ဆွေးနွေးခြင်းများ ပြုလုပ်၍ လွှတ်တော်စာကြည့်တိုက်ကို စတင်၍ပြည်လည်ထူထောင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၁၁ ခုနှစ်၊ လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပခဲ့သည့် ကာလအတွင်း မှ ယနေ့ထိ လွှတ်တော်စာကြည့်တိုက်ကို စာအုပ်၊စာတမ်းများ ထပ်မံဖြည့်ဆည်းခြင်း၊ စာကြည့်တိုက် ပညာရှင်ဝန်ထမ်းများထပ်မံခန့်အပ်ခြင်း၊ ကွန်ပျူတာနှင့်စပ်ဆက်ပစ္စည်းများ၊ စာကြည့်တိုက် ပရိဘောဂများ ထပ်မံဖြည့်ဆည်းခြင်း၊ e-Library ထူထောင်နိုင်ရန် Library Management Software အသုံးပြုဆောင်ရွက်၍ ဌာနဆိုင်ရာအကြီးအမှူးများ၏ လမ်းညွှန်ချက်များနှင့်အညီ လွှတ်တော်စာကြည့်တိုက် ဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား ထိရောက်စွာဝန်ဆောင်မှုပေးလျက်ရှိပါသည်။

စုဆောင်းထားရှိမှုများ(၂၀၁၅ခုနှစ်၊အောက်တိုဘာလထိ)

စဉ် အကြောင်းအရာ မြန်မာ အင်္ဂလိပ် စုစုပေါင်း
၁။ စာကြည့်တိုက်ရှိစာအုပ်များ ၁၃၂၄၄ ၅၂၀၄ ၁၈၄၄၈
၂။ e-Library ရှိ e-book များ ၂၁၄၀ ၇၆၄၈ ၉၇၈၈
၃။ e-Lib စာရင်းသွင်းစာအုပ်များ ၈၅၀၀ ၄၈၄၉ ၁၃၃၄၉
၄။ မော်ကွန်းမှတ်တမ်းဝင်စာအုပ်များ ၅၂၇၃ ၂၈၇ ၅၅၆၀
စာကြည့်တိုက်ဝန်ဆောင်မှုများ
၆.၁၁.၂၀၁၅

- လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရန် ပြည်ထောင်စု လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်အပေါ်ထပ်တွင် လွှတ်တော်စာကြည့်တိုက်စီစဉ် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

- သမာရိုးကျစာကြည့်တိုက်နှင့် e-library (၂)မျိုး စီစဉ်ထားရှိပါသည်။

သမာရိုးကျစာကြည့်တိုက်

- စာအုပ်များကို စာကြည့်တိုက်ပညာရပ်ဆိုင်ရာ Dewey Decimal Classification System ဘာသာရပ်(၁၀)ခု ခွဲခြားစီစဉ်ထားပြီး ရည်ညွှန်းစာအုပ်များလည်း စုဆောင်း ထားပါသည်။

- ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ စာအုပ်များကို အဓိကထားစုဆောင်းပါသည်။

e-library

- e-library မှ စုဆောင်းထားသော စာအုပ်များကို (လွှတ်တော် Network အတွင်း Mozilla, Internet explorer, Chrome စသည့် web browser များ၏ Address Bar တွင်) 172.31.130.1:8080 ရိုက်ထည့်၍ ရှာဖွေဖတ်ရှုနိုင်ပါသည်။

- စာကြည့်တိုက်ရှိစာအုပ်များကို (လွှတ်တော် Network အတွင်း Mozilla, Internet explorer, Chrome စသည့် web browser များ၏ Address Bar တွင်) 172.31.130.2/elib ကို ရိုက်ထည့်၍ e-lib server တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ရုံးစာဖတ်ခန်း

- လွှတ်တော်ကိုယ်စားလှယ်များ လွယ်ကူစွာ ဖတ်ရှုနိုင်ရန် ပြည်ထောင်စုလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမအနီး၌ စာဖတ်ခန်းထား၍ ဝန်ဆောင်မှုပေးပါသည်။

- စာဖတ်ခန်းရှိ ကွန်ပျူတာများတွင် e-book များကို ဖတ်ရှုနိုင်ပါသည်။

- စာကြည့်တိုက်ရှိ စာအုပ်များကို e-lib Server တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

- နေ့စဉ်ထုတ်သတင်းစာ၊ အပတ်စဉ်ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ နောက်ဆုံးထွက် ရှိသည့် စာအုပ်များကို ဖတ်ရှုနိုင်ပါသည်။

ပြည်ထောင်စုလွတ်တော်စာကြည့်တိုက်၏ Facebook Link ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - (https://www.facebook.com/HluttawLibrary)